မင်္ဂလာပါ

Call us: +959-259609399

E-mail: [email protected]

Written by BBC

local news 002ဝ ဦးဆောင်တဲ့ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးမှု ညှိနှိုင်းရေး ကော်မတီ FPNCC က အဖွဲ့ဝင် နှစ်ဖွဲ့ဖြစ်တဲ့ တအာင်းပလောင် လွတ်မြောက်ရေး တပ်ဖွဲ့ TNLA နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တပ်ဖွဲ့တို့အကြား နမ္မတူ မြို့နယ်မှာ မေလ ၄ ရက်နေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ရာနဲ့ချီတဲ့ ဒေသခံတွေက နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

နမ္မတူမြို့နဲ့ ၁၅ မိုင်ကျော် ဝေးတဲ့ မန်ဆာလုံ ဆိုတဲ့ ကျေးရွာနားမှာ မေလ ၄ ရက် မနက်၉ နာရီ လောက် ကတည်းက တိုက်ပွဲဖြစ်နေတာ ဖြစ်ပြီး ရွာထဲကို လက်နက်ကြီး ကျည်ဆံကျရောက်မှုကြောင့် ဒေသခံတွေဟာ ရွာနဲ့ တမိုင်ကျော် ဝေးတဲ့ မိုင်းရင်ကျေးရွာမှာ လာရောက် ခိုလှုံနေတယ်လို့ မိုင်းရင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းလှိုင်းက ဘီဘီစီကို ပြောပါတယ်။