Written by Administrator

mglb news 10 5 18 01ရဲတပ်ဖွဲ့တွင် ဥပဒေ ထက်ကျော်လွန်သော အမိန့်၊ ညွှန် ကြားချက်များရှိနေကြောင်း ဖမ်း ဆီးခံထားရသည့် ဒုရဲမှူးဟောင်း မိုးရန်နိုင်က တရားခွင်မှ အထွက် တွင်ပြောကြားသည်။ 

၎င်းကို ဖမ်းဆီးခဲ့သည့် အ ခြေအနေနှင့် ရိုက်တာသတင်း ထောက်များအား ထောင်ဖမ်းသည့် ဖြစ်ရပ်များတွင် ရဲတပ်ဖွဲ့က ဥပဒေ ကို ကျော်လွန်သည့် အမိန့်များ ညွှန်ကြားခဲ့ကြောင်း ဒုရဲမှူးဟောင်း မိုးရန်နိုင်က ပြောကြားသည်။

နိုင်ငံတော်လျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် တရားစွဲဆိုခံထား ရသော ရိုက်တာသတင်းထောက် နှစ်ဦးကို မေလ ၉ ရက်တွင် မြောက်ပိုင်းခရိုင်တရားရုံး၌ ရုံးထုတ်စစ် ဆေးပြီး တရားလိုပြသက်သေ အဖြစ် ဒုရဲမှူးဟောင်းမိုးရန်နိုင်ကို စစ်ဆေးသည်။

ဒုရဲမှူးဟောင်း မိုးရန်နိုင်သည် အထက်အမိန့်မပါရှိဘဲ သတင်းထောက်များနှင့် တွေ့ဆုံသတင်းပေး၍ဆိုကာ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့် ထောင်ဒဏ် တစ်နှစ်ချမှတ်ခံရပြီး ယခုရုံးချိန်းတွင် အကျဉ်းသား ၀တ်စုံဝတ်၍ သံခြေချင်းခတ် အနေအထားဖြင့် သက်သေ လာရောက်ထွက်ဆိုခြင်း ဖြစ်သည်။

ရုံးတော်အတွင်း ဒုရဲမှူး ဟောင်း မိုးရန်နိုင်က ရိုက်တာ သတင်းထောက်များကို ထောင်ဖမ်းရန် ရဲမှူးချုပ် တင်ကိုကိုက ညွှန်ကြားခဲ့ပုံများကို အသေးစိတ်ထွက်ဆိုသည်။ ရဲမှူးချုပ် တင်ကို ကိုသည် ရိုက်တာသတင်းထောက် များကို ဖမ်းဆီးရန် ဒုတပ်ကြပ် နိုင် လင်းကို ညွှန်ကြားပြီး စာရွက်စာ တမ်းများပေးစေခဲ့သည်ဟု ၎င်းက ထွက်ဆိုသည်။ ဒုတပ်ကြပ်နိုင် လင်းကို သတင်းထောက်များထံ ဖုန်းဆက်ချိန်းဆိုစေပြီး အပြန်လမ်းတွင်ဖမ်းရန် ရဲမှူးချုပ်က စီစဉ်ခဲ့ကြောင်းနှင့် ‘‘သတင်းထောက်များကို ဖမ်းမိမှဖြစ်မယ်’’ဟု အော်ဟစ်ပြောဆိုခဲ့ကြောင်း ဒုရဲမှူးဟောင်း မိုးရန်နိုင်က ထွက်ဆိုသည်။

‘‘ကျွန်တော်က အဲဒီလိုလုပ် တာ (ထောင်ဖမ်းတာ)က ဥပဒေနဲ့ မညီဘူးလို့ ပြောခဲ့ပါတယ်’’ဟု မိုး ရန်နိုင်က ရုံးတော်တွင် ထွက်ဆို သည်။

စာရွက်စာတမ်းများပေးပြီး နောက် လျှို့ဝှက်အက်ဥပဒေပုဒ်မ ဖြင့် အမှုဖွင့်ရန် ရဲမှူးချုပ်က ညွှန်ကြားခဲ့သည်ဟု မိုးရန်နိုင်က ထွက်ဆိုသည်။ ထို့အပြင် ထိုစာရွက်စာတမ်းများသည် ရခိုင်ပြည်နယ် မောင်တောဒေသတွင် ရဲ တပ်ဖွဲ့၏ လူ၊ လက်နက်ဆုံးရှုံးမှုများ၊ မီးလောင်ပြင်အခြေအနေများဖြစ်ကာ သတင်းမီဒီယာများနှင့် နိုင်ငံတကာသံတမန်များကို ရှင်းပြထားသည့် စာရွက်စာတမ်းများဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

ထို့အပြင် ဒုရဲမှူးဟောင်း မိုး ရန်နိုင်က ၎င်းနှင့်အတူ ဖမ်းဆီး ထိန်းသိမ်းခံရသည့် တပ်ကြပ် ကြီး ခင်မောင်လင်းနှင့် ပတ်သက် ၍ ရုံးတော်တွင် အလေးအနက် ထားပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့က တပ်ကြပ်ကြီး ခင်မောင်လင်းကိုလည်း ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေပုဒ်မ ၁၆ (ခ)/၂၂ နှင့် တရားစွဲဆိုထားသည်ဟု ကြားသိရ ကြောင်း၊ လက်ရှိတွင် ‘ဘယ် ရောက်နေမှန်းမသိ၊ သတင်းလည်းမကြားရကြောင်း’ရုံးတော်တွင် ပြောကြားသည်။

‘‘မိသားစုနဲ့လည်း အဆက် အသွယ်မရဘူးလို့ ကြားရတယ်’’ ဟု ၎င်းက ပြောဆိုခဲ့သည်။

ဒုရဲမှူးဟောင်း မိုးရန်နိုင်က ရုံးချိန်းတစ်ဝက်ပြီး၍ အပြင်သို့ ထွက်ခွာချိန်တွင် မီဒီယာများအား ‘‘ကျွန်တော့်ကို ထောင်ချ လိုက်တာဟာ နောက်ထပ်ပေါ် ထွက်လာမယ့် ရဲတပ်ဖွဲ့ဝင်တွေအ တွက် အမှန်တရားကို ခြိမ်းခြောက်လိုက် တာပဲလို့ ကျွန်တော်မြင်ပါ တယ်’’ဟု ပြောကြားသည်။

မေလ ၉ ရက်တွင် မြောက်ပိုင်းခရိုင်တရားရုံးသို့ ဒုရဲမှူးဟောင်းမိုးရန်နိုင်ကို ရုံးထုတ်လာစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)

မေလ ၉ ရက်တွင် မြောက်ပိုင်းခရိုင်တရားရုံးသို့ ဒုရဲမှူးဟောင်းမိုးရန်နိုင်ကို ရုံးထုတ်လာစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)

ဖမ်းဆီးခံ သတင်းထောက်များ၏ ရှေ့ နေ ဦးသန်းဇော်အောင်က ဒုရဲမှူး မိုးရန်နိုင်၏ ထွက်ဆိုချက်များသည် အမှုအတွက်အရေးပါသည့် ထွက်ချက်များဖြစ်ပြီး သတင်းထောက်များ ပြန်လည်လွတ်မြောက်ရန် မျှော်လင့်ချက် ဖြစ်သည်ဟု ပြောသည်။ ‘‘အဓိကက စာရွက်တွေကို ပေးဖို့ဆိုပြီး စီစဉ်လိုက်တဲ့ ရဲမှူးချုပ် တင်ကိုကိုရော၊ ဒုတပ်ကြပ် နိုင်လင်းကရော အရေးယူခံထားရတာမရှိဘူးဆိုတာ သက်သေက ထွက်ဆိုသွားတယ်။ အဲဒီတော့ တကယ်စာရွက်ပေးတဲ့သူတောင် မှ အရေးယူခံထားရတာမရှိရင် ဘုမသိဘမသိဘဲနဲ့ စာရွက်နဲ့တွေ့ပါတယ်ဆိုပြီး ဖမ်းခံရတဲ့ သတင်းထောက်တွေက ပိုပြီးတော့ လွတ်နိုင်ခြေများပါတယ်’’ဟု ပြောကြားသည်။

ထို့အပြင် တရားရုံးက ဆင့် ခေါ်ပါက ရဲမှူးချုပ် တင်ကိုကိုအပါ အ၀င် ထောင်ဖမ်းရန် စီစဉ်သူများ တရားရုံးသက်သေဖြစ်လာနိုင် ကြောင်း ဦးသန်းဇော်အောင်က ပြောကြားသည်။

ယခုရုံးချိန်းကို ဖမ်းဆီးခံသတင်းထောက်များ၏ မိသားစုဝင်များ၊ ဒုရဲမှူးဟောင်း မိုးရန်နိုင်၏ ဇနီးနှင့် မိသားစုဝင်များ လာရောက်ခဲ့သည်။ နောက်တစ်ပတ်ရုံးချိန်းကို မေလ ၁၆ ရက်သို့ ချိန်းဆိုထားပြီး တပ်ကြပ်ကြီး ခင်မောင်လင်း (သို့မဟုတ်) ဒုတပ်ကြပ် နိုင်လင်းကို တရားလိုပြ သက်သေအဖြစ် စစ်ဆေးမည် ဖြစ်သည်။