မင်္ဂလာပါ

Call us: +959-259609399

E-mail: [email protected]

Written by Administrator

mglb news 10 5 18 01ရဲတပ်ဖွဲ့တွင် ဥပဒေ ထက်ကျော်လွန်သော အမိန့်၊ ညွှန် ကြားချက်များရှိနေကြောင်း ဖမ်း ဆီးခံထားရသည့် ဒုရဲမှူးဟောင်း မိုးရန်နိုင်က တရားခွင်မှ အထွက် တွင်ပြောကြားသည်။ 

၎င်းကို ဖမ်းဆီးခဲ့သည့် အ ခြေအနေနှင့် ရိုက်တာသတင်း ထောက်များအား ထောင်ဖမ်းသည့် ဖြစ်ရပ်များတွင် ရဲတပ်ဖွဲ့က ဥပဒေ ကို ကျော်လွန်သည့် အမိန့်များ ညွှန်ကြားခဲ့ကြောင်း ဒုရဲမှူးဟောင်း မိုးရန်နိုင်က ပြောကြားသည်။

နိုင်ငံတော်လျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် တရားစွဲဆိုခံထား ရသော ရိုက်တာသတင်းထောက် နှစ်ဦးကို မေလ ၉ ရက်တွင် မြောက်ပိုင်းခရိုင်တရားရုံး၌ ရုံးထုတ်စစ် ဆေးပြီး တရားလိုပြသက်သေ အဖြစ် ဒုရဲမှူးဟောင်းမိုးရန်နိုင်ကို စစ်ဆေးသည်။

ဒုရဲမှူးဟောင်း မိုးရန်နိုင်သည် အထက်အမိန့်မပါရှိဘဲ သတင်းထောက်များနှင့် တွေ့ဆုံသတင်းပေး၍ဆိုကာ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့် ထောင်ဒဏ် တစ်နှစ်ချမှတ်ခံရပြီး ယခုရုံးချိန်းတွင် အကျဉ်းသား ၀တ်စုံဝတ်၍ သံခြေချင်းခတ် အနေအထားဖြင့် သက်သေ လာရောက်ထွက်ဆိုခြင်း ဖြစ်သည်။

Written by စည်သူအောင် (ဧရာဝတီ)

mglb news 005China Communication Construction Company (CCCC) မှ ရေးဆွဲမည့် ရန်ကုန်မြို့သစ် စီမံကိန်းအကြို အဆိုပြုလွှာတွင် နည်းပညာ အချက်အလက်များ၊ ဘဏ္ဍာရေး အဆိုပြုချက်နှင့် စီးပွားရေးလုပ်ငန်းပုံစံများ ပါဝင်မည်ဖြစ်ပြီး NYDC မှ သဘောတူ လက်ခံပြီးပါက အများပြည်သူ သိရှိရန် ချပြမည်ဟု ရန်ကုန်မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်မည့် New Yangon Development Co.,Ltd (NYDC) ၏ ဒုတိယဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် (CEO) ဦးသိမ်းဝေ (Mr.Serge Pun) က ပြောကြားသည်။

NYDC Challenge ၏ ခြေလှမ်းသစ် အနေဖြင့် ပြီးခဲ့သည့် ဧပြီ ၃၀ ရက်တွင် CCCC နှင့် NYDC တို့ စီမံကိန်းအကြို အဆိုပြုလွှာ (Pre-Project Documents – PPD) ကို ပြင်ဆင်တင်သွင်းရန် မူဘောင်သဘောတူညီချက် (Framework Agreement) ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး CCCC မှ တင်သွင်းလာသည့် PPD ကို NYDC က ပြန်လည်သုံးသပ်မည်ဖြစ်သည်။

Written by ပိုင်စိုးသူ (7DayDaily)

local news 004အထက်တန်း ပညာရေးအတွက် စာကြည့်တိုက် များသည် အခြေခံလိုအပ်ချက်ဖြစ် ပြီး နိုင်ငံအတွင်းရှိ ကျေးလက်နေ ပြည်သူအများစုသည် စာကြည့်တိုက်သုံးစွဲရန် လက်လှမ်းမမီ ကြောင်း နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။
မြန်မာနိုင်ငံက အိမ်ရှင်အ ဖြစ် ပထမအကြိမ် ကျင်းပသည့် (၁၇)ကြိမ်မြောက် အရှေ့တောင် အာရှ စာကြည့်တိုက်မှူးများညီ လာခံဖွင့်ပွဲကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ တွင် မေလ ၃ ရက်က ကျင်းပပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က အဖွင့်အမှာစကား၌ထည့်သွင်းပြောကြားသသည်။

‘‘ပညာရေးဝန်ကြီးဌာနနဲ့ အာရှဖောင်ဒေးရှင်းတို့ရဲ့ကူညီပံ့ ပိုးမှုနဲ့ ကျောင်းစာကြည့်တိုက်တွေ ကို ပြန်လည်အားသစ်လောင်းတဲ့ လုပ်ငန်းများကိုလည်း မြန်မာနိုင်ငံ စာကြည့်တိုက်အသင်းက လုပ် ဆောင်နေပါတယ်’’ ဟု အတိုင် ပင်ခံပုဂ္ဂိုလ်က ဆက်လက်ပြော သည်။

Written by Administrator

mglb news 002ရိုက်တာသတင်းထောက်များ ထောင်ချောက်ဆင် ဖမ်းဆီးခံခဲ့ရသည်ဟု တရားခွင်တွင် ထွက်ဆိုခဲ့ခြင်းမှာ အရေးယူခံရမည်ကို သိလျက်နှင့် ထွက်ဆိုခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းနောက်ပိုင်း ရဲတရားရုံးတွင် လုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီမှု မရှိဘဲ စစ်ဆေး စီရင်ခံခဲ့ရကြောင်း ဒုရဲမှူးဟောင်း မိုးရန်နိုင်က အင်းစိန်ထောင်တွင် မိသားစုဝင်များနှင့် မေ ၃ ရက်နေ့တွင် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။

မေလ ၃ ရက် နံနက် ၈ နာရီခန့်တွင် ဇနီးဖြစ်သူ ဒေါ်တူးတူး၊ ညီဖြစ်သူ ဦးရဲဝင့်နိုင်တို့ နှစ်ဦး ထောင်ဝင်စာ မိနစ် ၃ဝ ခန့် တွေ့ခွင့်ရခဲ့ကြောင်း၊ ဦးမိုးရန်နိုင်သည် အင်းစိန်အကျဉ်းထောင် တိုက် ၁၁၊ အခန်း ၅ တွင် နေထိုင်ရကြောင်း၊ ကျမ်းမာရေး ကောင်းမွန်ပြီး၊ ဖမ်းဆီးခံခဲ့ရသည့်ကာလအတွင်း ညှဉ်းပမ်းနှိပ်စက်မှု မခံခဲ့ရကြောင်း ဇနီးဖြစ်သူက Myanmar Now ကို ပြောကြားသည်။

ငါ ဒီလိုထွက်ဆိုရင် သူတို့ ကတော့ ထောင်ချရင်လည်း ချတော့မှာပဲ၊ ပြစ်မှု တခုခုကတော့ လုပ်တော့မှာပဲဆိုတာ ငါစဉ်းစားမိတယ် ဟု ခင်ပွန်းသည်က ရှင်းပြကြောင်း ဒေါ်တူးတူးက ပြောသည်။

Written by Administrator

local news 003မန္တလေးတိုင်းဒေသကြီး ကျောက်ဆည် မြို့နယ်တွင် ပိုင်ရှင်မဲ့သစ် ဖမ်းဆီးမှုနှင့်ပတ်သက်ပြီး ဒေသခံများ၏ တိုင်ကြား ချက် အပေါ် ယနေ့ တိုင်းအဆင့် စုံခုံဖွဲ့၍ တိုင်ကြားသူများနှင့် ရဲတပ်ဖွဲ့ဝင်များအား ကျောက်ဆည်ခရိုင် ရဲ တပ်ဖွဲ့မှူး ရုံး တွင် စစ်ဆေးလျက် ရှိကြောင်း ကာယကံရှင်များက ပြောသည်။

တရားမဝင် ပိတောက်တုံးများအား ဧပြီ ၂၄ ရက် ညပိုင်းက ဖမ်းဆီးမှုတွင် ရဲစခန်း တာဝန်ရှိသူများက ယာဉ်ပေါ်ပါသူ ၂ ဦးကို ပြန်လွှတ်ပေးကာ သစ်များအား ပိုင်ရှင်မဲ့အဖြစ် အမှုဖွင့်ခဲ့သည်။

Written by Administrator

သမ္မတဦးဝင်းမြင့်ထံ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန်၊ မလေးရှားနှင့် မာရှယ်ကျွန်း စုနိုင်ငံများမှ သံအမတ်ကြီးများ က ၎င်းတို့၏ခန့်အပ်လွှာကို ယမန်နေ့တွင်ပေးအပ်ခဲ့ကြောင်းသမ္မတရုံးက သတင်းထုတ်ပြန်သည်။
ဦးဝင်းမြင့်သည် သမ္မတရာ ထူးတာဝန်လက်ခံပြီးနောက် ပထ မဆုံးအကြိမ် သမ္မတစလွယ်ဝတ် ဆင်၍ သံအမတ်ကြီးများ၏ ခန့် အပ်လွှာကို လက်ခံခဲ့သည်။

နိုင်ငံတော်သမ္မတသည် မြန် မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံ အမတ်ကြီး ဒေါက်တာအီဇာဖာဒ ရီ၏ သံအမတ်ခန့် အပ်လွှာကို ယမန်နေ့ နံနက် ၁၀ နာရီတွင် လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်သံ အမတ်ကြီး မစ္စတာ မန်ဂျရူလ်က ရင်ခမ်ချောင်ဒရီ၏ ခန့်အပ်လွှာ ကို ယမန့်နေ့နံနက် ၁၀ နာရီခွဲ တွင်လည်းကောင်း၊ဂျပန်သံအ မတ်ကြီး မစ္စတာအိချိရော့မာရု ယာမ၏ ခန့်အပ်လွှာကို ယမန်နေ့ နံနက် ၁၁နာရီတွင်လည်းကောင်း လက်ခံခဲ့သည်။

Written by Administrator

အိုးအိမ်စွန့် ထွက်ပြေး ခဲ့ရပြီး ဘယ်မှ ထွက်လို့ မရကြဘဲ ပိတ်မိနေကြတဲ့ ကချင် စစ်ဘေး ဒုက္ခသည်တွေကို ကယ်ထုတ်နိုင်ရေး ကြိုးပမ်းကြတဲ့ ကချင်လူငယ်အဖွဲ့ကို တပ်မတော် ဘက်က တားဆီး ထားလို့ ညှိနှိုင်း နေတယ်လို့ လူငယ်အဖွဲ့က ပြောပါတယ်။

မေလ ၃ ရက် နေ့ညပိုင်း အထိ ကချင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ ညှိနှိုင်း ဆွေးနွေးပြီး နောက် အစိုးရ တာဝန်ရှိသူတွေ၊ ဘာသာရေး ခေါင်းဆောင်တွေပါဝင်တဲ့ လူ ၅၀ ကျော် အဖွဲ့နဲ့ အတူ အဲဒီ လူငယ်တွေက ကာမိုင်းမြို့နယ် မန်ဝိုင်း ကျေးရွာက စစ်ဘေး ဒုက္ခသည်တွေကို ကယ်ထုတ်ဖို့ မေလ ၄ ရက်နေ့ မနက်က သွားခဲ့တာ ဖြစ်ပါတယ်။